ကျွန်နော် ချစ်သော ကျနော် ဇာတိ
 ကျနော် အခုပြေားချင်တာကတော့ ကျနော်ချစ်သော ကျနော်ဇာတိ အကြောင်းလေးပေါ့ နော် --

အနန္တော အနန္တ ငါးပါး ကိုဦးထိပ်ထားလျှက်

ဘုရား..တရား....သံဃာ..မိဘ..ဆရာ..............မဟာအံထူးကံသာ ဘုရားကြီး

Time and tidy wait for no man!!!!!

နောင်တစ်ခေတ်၏ အောင်စစ်သည်

အနော်ရထာ,ဘုရင့်နောင်အောင်ဇေယျ



ကြွေးဟောင်းဆပ် ခွင့် ပြု ပါ အဖေ, အမေ, ကိုကြီးနဲ့  မလေးတို့ ရေ.....

ကျေးဇူးကြီး လှ အမေနဲ့ အဖေကို သား ကန်တော့ပါတယ်

ဇာတိချက်ကြွေ မွေး ရပ်မြေ


ပျော်စရာကောင်းတဲ့ တို့အညာမြေ ...

ယင်းမာပင်မြို့သည် ယင်းမာပင်မြို့နယ်၏ မြို့နယ်မြို့လေးတစ်မြို့ ဖြစ်သည်။ ယင်းမာပင်မြို့နယ်သည် စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် အတွင်း ချင်းတွင်းမြစ်၏ အနောက် ဘက် မြောက်လတ္တီကျု ၂၁ံ ၅၉' နှင့် ၂၂ံ ၁၉' အကြား၊ အရှေ့ လောင်ဂျီကျု ၉၃ံ၃၆' နှင့် ၉၅ံ ၁၅' အကြားတွင် တည်ရှိ၍၊ ရန်ကုန်မြို့၏ မြောက်ဘက် အနောက်ယွန်းယွန်း မိုင် (၄၀၀) အကွာတွင် တည်ရှိပါသည်။ ယင်းမာပင်မြို့နယ် ၏ အရှေ့ဘက်တွင် မုံရွာမြို့နယ် နှင့် ဆားလင်းကြီးမြို့နယ်၊ တောင်ဘက်တွင် ပုလဲမြို့နယ်နှင့် ကနီမြို့နယ်၊ မြောက်ဘက်တွင် ကနီမြို့နယ်တို့ ရှိကြပါသည်။ယင်းမာပင် မြို့နယ်သည် ပင်လယ်ရေမျက် နှာပြင် အထက် ပေ (၄၀၀) တွင် ရှိပြီး ယေဘူယျ အားဖြင့် မြေပြင် ညီညာပြန့်ပြူး ပါသည်။ မြေပြန့်လွင်ပြင်မှာ ရာခိုင်နှုန်း (၄၈.၂၃%) ရှိပြီး စတုရန်းမိုင် အားဖြင့် (၁၇၄.၅၉) ရှိ၍ စတုရန်းမိုင် အားဖြင့် (၇၅.၈၂)၊ ဆင်ခြေလျှော မြေမှာ (၃၄၀.၀၂%) ဧရိယာအားဖြင့် (၁၁၂.၂၉) စတုရန်းမိုင် ရှိရာ ယင်းမာပင်မြို့နယ် မှာ စုစုပေါင်း အကျယ်အ၀န်း အားဖြင့် (၃၆၂.၇၀) ဧရိယာစတုရန်းမိုင် ကျယ်ဝန်း ပါသည်။ယင်းမာပင်မြို့နယ်အား မြို့နယ်အဖြစ် ၁၉၀၁ ခုနှစ်တွင် ဗြိတိသျှအစိုးရမှ စတင်သတ်မှတ်ပြီး နယ်ပိုင်ဝန်ထောက် တစ်ဦး ရုံးထိုင်စေလျက် ပုလဲမြို့နယ်၊ ဆားလင်းကြီးမြို့နယ် တို့ကိုပါ အုပ်ချုပ်ရသော ခရိုင်ခွဲ (ဆဗ္ဗဒီဝီဇံ)မြို့အဖြစ် သတ်မှတ်ခဲ့ ပါသည်။

မြန်မာဘုရင်များ လက်ထက်ကမူ ယင်းမာပင် မြို့နယ် အပါအ၀င် ပုလဲမြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်တို့ ပါဝင်သော ဒေသများအား ဖန့်ချီနယ် (တချို့က `ဗန့်ဂျီနယ်´ ဟုလည်း ပြောကြ ပါသည်။) ဟု ခေါ်ဝေါ် သတ်မှတ် ခဲ့ပါသည်။ အဆိုပါ (၃)မြို့နယ်၏ အနောက်ဘက်တွင် ပင်တောင်၊ ငပြုံးတောင်၊ ဖန့်ဂျီတောင် ဟူ၍ ရှိရာ ဖန့်ဂျီတောင်သည် တောင်ယမား ချောင်းနှင့် မြောက်ယမားချောင်း အကြားတွင် တည်ရှိသော ကြောင့် အဆိုပါ ဒေသအတွင်း တည်ရှိသော နယ်မြေများကို ဖန့်ဂျီနယ်ဟု ခေါ်ဝေါ်ကြောင်း သိရှိရပါသည်။ မြို့နယ်အဖြစ် ၁၉၀၁ ခုနှစ်ကပင် ဗြိတိသျှအစိုးရက သတ်မှတ် ခဲ့သော်လည်း ယင်းမာပင်မြို့နယ်ကိုမူ မြို့အဖြစ် စနစ်သစ် အုပ်ချုပ်ရေး စတင်သည့် ၁၉၇၂ ခုနှစ်တွင်မှ တရားဝင် သတ်မှတ် ခဲ့ပါသည်။ ယခင်ကမူ ယင်းမာပင်မြို့နယ်သည် နယ်ပိုင်ရုံးစိုက် ဖြစ်သော်လည်း မြို့အဖြစ် တရားဝင် သတ်မှတ်ချက် မဟုတ်ဘဲ မြို့မအုပ်စု အဖြစ်သာ တည်ရှိ ခဲ့ပါသည်။ယင်းမာပင် မြို့နယ် အတွင်း၌ တောင်တန်း နှင့် ဆင်ခြေလျှော ဒေသမှာ မြေပြန့်လွင်ပြင် ဧရိယာ ထက် ပိုမိုကျယ်ဝန်းသည် မှန်သော် လည်း ဤမြို့နယ်တွင် အလွန် မြင့်မားသော တောင်ကုန်း တောင် တန်းကြီးများ မရှိပါ။ မြို့နယ် အတွင်း ဖြတ်သန်း စီးဆင်းသည့် တောင်ကျ ချောင်း(ယမားချောင်း)မှာ အနောက်မှ အရှေ့သို့ စီးဆင်း၍ စုန်းကျင်းအုပ်စု၊ ဘိန်းနွယ်ချောင် ကျေးရွာအနီးတွင် ချင်းတွင်းမြစ် အတွင်းသို့ စီးဝင်ပါသည်။ တင်ဆုံချောင်းမှာ အနောက်မြောက်မှ အရှေ့တောင်သို့ စီးဆင်းပြီး နတ္ထောင့် ကျေးရွာ အနီးတွင် ပေါင်းဆုံပါသည်။ ၎င်းချောင်းများသည် ရေစီး အလွန် လျှင်မြန်သည်။ သို့ဖြစ်၍ ၎င်းချောင်းများ ဖြတ်သန်းစီးဆင်းသည့် ရွှေလှန်၊ ပန်းမထုံး၊ ရေအောင့် စသည့်ကျေးရွာများသည် ရံဖန်ရံခါ ရေတိုက်စားခြင်းများ ကြုံရပါသည်။

DSCF2049.jpg DSCF2049.jpg
Size : 1.444 Kb
Type : jpg
 အနော်ရထား၊ဘုရင့်နောင်၊အောင်ဇေယျ
Make a Free Website with Yola.